နှစ်ရောင်စပ်
ငါချစ်ရတာတွေ နင်မနှစ်မျို့မှာစိုးလို့
မျိုသိပ်ရတာ တွေလည်း များပါပြီ......
ငါချစ်ရတာတွေ နင်မနှစ်မျို့မှာစိုးလို့
မျိုသိပ်ရတာ တွေလည်း များပါပြီ......
ချစ်ခြင်းကိုဖွဲ့ဆိုဖို့ရာ
သူငယ်ချင်းဆိုတဲ့တံတိုင်းကြီးကာစီးနေတာမို့
စောင့်စည်းပြိးသာနေရတယ်.....
နင့်ကိုငါမချစ်ဘဲမနေနိုင်တာက
မတည်မြဲတဲ့ပုထုစဉ်မို့ပါ။
အောက်မေ့ခြင်းကပိုက်ထွေး
သတိရခြင်းကနှိပ်စက်
ချစ်ခြင်းကစိုးမိုး အိပ်မရတဲ့ညတွေမှာ
အလွမ်းတွေတိုးကာနေတဲ့ ကိုယ့်ရဲ့ ....
ရနံ့မဲ့ဥယျာဉ်လေးထဲမှာ
" မင်း" ဆိုတဲ့လှပတဲ့ပန်းတပွင့်က
ကိုယ့်ရဲ့ ..
အထီးကျန်နေ့ရက်တွေကိုဖျက်သိမ်း ပေးဖို့ 
သင်းပျံ့တဲ့ချစ်ရနံ့တွေနဲ့ ပွင့်လန်းလှဲ့ပါဦး။
ကောင်မလေးရေ........
ကိုယ့်ရဲ့အချစ်ကိုမြစ်ဖျားခံတာ
အဖြူရောင်ကပါ။
ထပ်မံတိုးဝင်လာတဲ့ပန်းနုရောင်ကို
မင်းအပြစ်မမြင်ဘဲ
ချစ်ခြင်စဖွယ်အပြုံးတစ်ခုကိုလက်ဆောင်ပေးပါလားကွာ.........
အပြုံးတစ်ခုအတွက်တော့မင်းကပ်စေးမနဲပါနဲ့။
ငရဲကြီးလိမ့်မယ်ကောင်မလေး............။
ဇေယျာချစ်[၂၀၀၁]
No comments:
Post a Comment