ရေနစ်နေတဲ့  ငါအတွက်
လောကကြီးက ကယ်တင်မယ်လို့ ထင်ရတဲ့ အရာတစ်ခုကို
ဆုပ်ကိုင် ခွင့်  ပေးခဲ့  တယ်................။
မျက်စိတွေပြာဝေပြီး လက်ပမ်းကျနေတဲ့  ငါ့ အတွက်
ကယ်တင်ပေးမယ်လို့  ထင်တဲ့ အရာဟာ ဘာလဲလို့ 
သိချင်လာခဲ့ တယ်....။
ကြိုးတစ်ချောင်းလား........... ?
မြွေတစ်ကောင်လား............ ?

တဖြည်းဖြည်းချင်း ငါဟာ ပိုပြီး နစ်မြုတ်လာခဲ့ တယ်
ရေမွန်းပြီး သေအံဆဲဆဲမှာ ငါဆုပ်ကိုင်ခဲ့တဲ့ 
အရာကို သိခွင့်ရလိုက်တယ်.......
ငါအတွက် ကယ်တင်မယ် ထင်ခဲ့တဲ့အရာဟာ
ဘာလဲဆိုတော့.....
"ကောက်ရိုးထွေးလေး" တခုပါဘဲ
ခဏတာ မျှော်လင့်ချက် ပေးခဲ့တဲ့ အတွက်
ကျေးဇူးတင်ပါတယ် လောကကြီး.........။
ဇေယျာချစ်{2001}

No comments:
Post a Comment