လျှမ်းလျှမ်းတောက်
-.-.-.-.-.-.-.-.-.-.-.-.-.-
ဟိုတွေး ဒီတွေး
ငါ အကုန်တွေး
ဘယ်သူ တွေးဦးမှာလဲ........။
ဟိုသိ ဒီသိ
ငါ အကုန်သိ
ဘယ်သူ သိဦးမှာလဲ.........။
ဟိုလုပ် ဒီလုပ်
ငါ အကုန်လုပ်
ဘယ်သူ လုပ်ဦးမှာလဲ........။
ဘယ်သူ တွေးလုပ်
သိသမျှလဲ
ငါသာ အမှန်ဆုံး
ငါသာ ထိပ်ဆုံး...........။
ငါတွေးသမျှ
ဦးနှောက် ပုဇွန်
ချေး အခွံလဲ
မည်သူတုပ
ကုမရတဲ့ 
ငါသာငါ မင်းမသိဘူးကို.........။
ဇေယျာချစ်(၂၀၀၁)