ဆပ်ပြာလို ဖြူလွှစေမယ့်
ပျော်စရာ ချစ်စကားလေးတွေ
ကိုယ်ပြောပြနေချင်တယ်။
မင်းညိုးနွှမ်းနေခဲ့ရင်................
နွှမ်းလျှတဲ့အပင်တောင်
လန်းထစေမဲ့ရေလို
သစ္စာတရားလေးတွေ
ကိုယ်လောင်းပေးချင်တယ်။
မင်းပူဆွေးနေခဲ့ရင်.....................
ပူပြင်းလှတဲ့နွေလမှာ
အေးမြတဲ့ ဆောင်းညရောက်သလို
ကိုယ်မေတ္တာတွေနဲ့
လွှမ်းခြုံပေးချင်တယ်။
မင်းအားငယ်နေခဲ့ရင်....................
ကြီးမားလေးလံတဲ့
အရာဝတ္တူတွေကို
အနှိမ့်မှအမြင့်ရောက်
ရွှေ့ပြောင်းနိုင်တဲ့ ၀န်ချီစက်တွေလို
ကိုယ်အကြင်နာတွေနဲ့ မြှင့်တင်ပေးချင်တယ်။
ကိုယ်တို့စိတ်နှစ်ခုပေါင်းစပ်တဲ့အခါ..............
ချစ်ခြင်းဆိုတဲ့ ခြင်းတောင်းထဲမှာ
သစ္စာ၊မေတ္တာ၊အကြင်နာနဲ့အတူ
ပျော်စရာတွေ အပြည့်ပါတဲ့
လက်ဆောင်ခြင်းလေးတစ်ခု
မင်းကိုပေးချင်တယ်...........။
ဇေယျာချစ် [ ၂၀၀၁ ]
No comments:
Post a Comment