ကြိုဆိုပါ၏

Popular Posts

Sunday, October 13, 2013

ညီမျှ ဆန္ဒ

မင်း ငါ ချစ်ခြင်း
မေတ္တာခြင်း
မယှဉ်ပြိုင်ပါနှင့် လား.......
သူ့ ထက် ငါသာ မေတ္တာများကို 
ချိန်ခွင်ထဲထည့် 
ချိန်တွယ်လို့ ရော ရနိုင်ပါ့ မလား.......
ချစ်ခြင်း စကား များများပြောမှ
ငါ၏ မေတ္တာပိုသာတယ်ဟု
ဆိုနိုင်ပါ့ မလား.............
အနိုင် ၊ အရှုံး
အသာ ၊ အနာ
ကင်းခြင်းမှသာ
အေးချမ်း မေတ္တာ ဖြစ်တည်ရာ၏........။
ရုပ် / နာမ် တွဲသည့်  ခရီးလမ်းဝယ်
ယှဉ်တွဲ လက်မြဲ ၊ စိတ်ခြင်းထပ်လျှက်
ဆောင်းလေညှင်းလို ၊ အပျော်တရားကို
ချစ်သူတိုင်းကို ၊ရစေလိုကြောင်း
ဆုတောင်းပြု၏..........။

                                                          ဇေယျာချစ် (၂၀၀၁ )

   

No comments:

Post a Comment